ဖယ်ခုံမြို့နယ်တွင် (၅၆)နှစ်မြောက်ရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ် ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့်(၅၆)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှ ယနေ့နံနက် ၈ နာရီအချိန်ခန့် က မြို့နယ်ပြည်သူ့ ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရပ်စောက်မြို့၌ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့်ကားဂိတ်များ၊ ယာယီဈေးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် စည်းကမ်းချက်များနှင့်အညီရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရပ်စောက်မြို့နယ်အတွင်းရှိလ္ဘက်ရည်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ကားဂိတ်များနှင့် အားကစားကွင်းအတွင်း ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည် များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးထိန်းချူပ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်၌ မိုးစပါးသီးနှံများတွင် ဖြုတ်ပိုးများ ကျရောက်ပါက စိုက်ပျိုးရေးဦးစီးဌာနသို့ အကြောင်းကြားရန် ညွှန်ကြားထား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မိုးစပါးခင်းများတွင် ဖြုတ်ပိုးများ ကျရောက်မှု အနည်းငယ်ရှိသောကြောင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကာကွယ်နှိမ်နင်းမှုများ၊ ပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်မုရောစေတီတော်၌ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ငါးသိုင်းချောင်း-ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းများရပ်နား

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ငါးသိုင်းချောင်း-ရန်ကုန် ခရီးစဉ်ပြေးဆွဲနေသည့် ဂျိုကာ ခရီးသည်တင်ယာဉ်ဂိတ်နှင့် ရွှေဝါဖူးခရီးသည်တင် ယာဉ်ဂိတ်တို့မှ ခရီးသည်တင်ယာဉ် စုစုပေါင်း(၁၀)စီး နေ့စဉ်ပုံမှန်ပြေးဆွဲလျက်ရှိရာ လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှု အခြေအနေများ အရ ယမန်နေ့မှ စတင်၍ အဆိုပါခရီးသည်တင် ယာဉ်လိုင်းများ ရပ်နားထားရကြောင်း သိရသည်။

အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးများကို ယာယီပိတ်သွားမည်

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိမ်းချုပ်နိုင်ရန် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးများကို ယနေ့မှစ၍ ယာယီပိတ်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။

ဆဒုံးမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အသိပညာပေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့ည (၆) နာရီ က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ် နောင်ဖါကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် နောင်ဖါကျေးရွာတွင် မြို့နယ်အရန်မီးသတ် တပ်ရင်းက စေတနာရှင်ပြည်သူများနှင့်ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် Mask၊ Face Shield နှင့် အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီ က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ ကာလစီးပွားရေးကုစားမှုအစီအစဉ်ဖြင့် နိုင်ငံတော်မှ ရွှေဘိုမြို့နယ်အတွင်း မသန်စွမ်းသူများအား ငွေကျပ်သုံးသောင်းစီ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူပြီး ရွှေဘိုခရိုင်အတွင်းရှိ ထောက်ပံကြေး တစ်ကြိမ်တစ်ခါမှ မရရှိဘူးသေးသည့် မသန်စွမ်းသူများကို ကိုဗစ်-၁၉ ကာလစီးပွားရေး ထိခိုက်မှု သက်သာရေးအစီအစဉ်အနေဖြင့် တစ်ဦးလျှင် ကျပ်သုံးသောင်းကျပ်ကို အဖွဲ့ခွဲ၍ အိမ်တိုင်ရာရောက် ထောက်ပံခြင်းကို ယမန်နေ့ကစ၍ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သော မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ဝန်ထမ်းအိမ်ရာ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုအား ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
Subscribe to