ရွှေဘို၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူပြီး ရွှေဘိုခရိုင်အတွင်းရှိ ထောက်ပံကြေး တစ်ကြိမ်တစ်ခါမှ မရရှိဘူးသေးသည့် မသန်စွမ်းသူများကို ကိုဗစ်-၁၉ ကာလစီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ်အနေဖြင့် တစ်ဦးလျှင် ကျပ်သုံးသောင်းကျပ်ကို အဖွဲ့ခွဲ၍ အိမ်တိုင်ရာရောက်ထောက်ပံခြင်းကို ယမန်နေ့ကစ၍ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မသန်စွမ်းသူများထောက်ပံ့မှုနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က ယခုထောက်ပံ့မှုသည် ထောက်ပံ့ကြေးတစ်ကြိမ်တစ်ခါမှ မရရှိကြသေးသော မသန်စွမ်းသူများကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ရွှေဘိုမြို့နယ်အတွင်း မသန်စွမ်းသူဦးရေ ၁၃၆၀ ဦး အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၄၀၈၀၀၀၀၀)ကို နိုင်ငံတော်မှ ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မသန်စွမ်းသူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)