နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် ဂျပန်နိုင်ငံမှ လာရောက်သည့် MT.GLOBAL CERES သင်္ဘောပေါ်မှ သင်္ဘောသား(၇)ဦး၊ မလေးရှားနိုင်ငံမှလာရောက်သည့် M.V VANTAGE KEY သင်္ဘောပေါ်မှ သင်္ဘောသား(၇)ဦး၊ ဆော်ဒီအာရေဗျနိုင်ငံမှ လာရောက်သည့် MT CHEMBULK YOKOHAMA သင်္ဘောပေါ်မှ သင်္ဘောသား (၁၅)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် MV APLLE HAVRE သင်္ဘောပေါ်မှ သင်္ဘောသား(၁၁)ဦး၊ ယူအေအီးနိုင်ငံမှ လာရောက်သည့် MV KALAMOTI TRADER သင်္ဘောပေါ်မှ သင်္ဘောသား (၁၁)ဦး၊ မလေးရှားနိုင်ငံမှလာရောက်သည့် MV MELATI-7 သင်္ဘောပေါ်မှ သင်္ဘောသား (၁၃)ဦး၊ စုစုပေါင်း သင်္ဘောခြောက်စီးပေါ်မှ သင်္ဘောသား (၆၄)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျှက်ရှိကြောင်း သိရသည်။