တန့်ယန်း၊ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ နောင်ဖါကျေးရွာတွင် မြို့နယ်အရန်မီးသတ် တပ်ရင်းက စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက် Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင် အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် Mask၊ Face Shield နှင့် အသိ ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်မြင့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ နောင်ဖါကျေးရွာ ရပ်မိရပ်ဖ ဦးစိုင်းခမ်းလျှံ၊ မီးသတ်ဦးစီးဌာန နောင်ဖါကျေးရွာ နယ်မြေစခန်းတာဝန်ခံ လက်ထောက်ဦးစီးမှူး နိုင်လင်းဦးနှင့် ဝန်ထမ်းများပူးပေါင်းကာ နောင်ဖါကျေးရွာနှင့် စျေးတို့တွင် ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးအတွက် တေးသီချင်းများဖွင့်လှစ်ခြင်း၊ အသိပညာပေးခြင်း၊ လက်သန့်ဆေး ရည်များဖြင့်လက်ဆေးပေးခြင်း၊ နှာခေါင်းစည်း Mask (၅၀၀)ခု၊ မျက်နှာကာ Face Shield (၁၀၀)ခုနှင့် မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် ရိုက်နှိပ်ထားသော အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)