ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငါန်းဇွန်၊ စက်တင်ဘာ ၁၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သော မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ဝန်ထမ်းအိမ်ရာ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအား ယမန် နေ့ ညနေ ၄ နာရီခွဲအချိန်က မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးနိုင် (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)နှင့် ကော်မတီဝင်များသည်  ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ RC ()ခန်းတွဲ၊ ()ထပ်ဆောင်(အလျား ၆၈ပေ ၆လက္မ၊ အနံ ၅၃ပေ) ဝန်ထမ်းအိမ်ရာ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ တာဝန်ယူ တည်ဆောက်သည့် Royal Summit Top Co;Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးဇင်မင်းထိုက်နှင့် တာဝန်ခံ အင်ဂျင်နီယာများက ဝန်ထမ်း အိမ်ရာကို ဆောက်လုပ်မှုကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှု  များအား လိုက်လံရှင်းလင်းတင်ပြကြပြီး မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)