မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၄
မော်လမြိုင်ကျွန်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များ နှင့်အညီ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအနေနှင့် မဲဆွယ်စည်းရုံးရေး ကာလတွင် ညွှန်ကြားချက်များ နှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်နိုင်ရေး၊ နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက် လာပါက အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်ဆွေက ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေ အရာရှိ ဦးပြည့်ဖြိုးကျော်က တရားမဲ့ပြုကျင့်မှုများ နှင့်ပတ်သတ်သည့် ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးသည်။
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးစိုးမိုးနိုင်က ကော်မတီ၏ လုပ်ငန်းတာဝန်များ ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက် လာကြသော ကော်မတီဝင်များမှ သိလိုသည်များ ပြန်လည် မေးမြန်းကြကြောင်း သိရသည်။
သီတာအောင်(ပြန်ဆက်)