ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာ​ခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်​​ဆေး​ခြင်းများ ပုံမှန်ဆောင်ရွက်

ရွှေတောင် စက်တင်ဘာ ၁၄

ပြည်ခရိုင် ရွှေတောင် မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်​နိုင်​ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာ​ခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်​ဆေး​ ဆောင်ရွက်ခြင်း၊ တပ်ဆင်မှုမရှိပါက နှာခေါင်းစည်း (mask)များ ယခုဝယ်ယခုတပ်စနစ်ဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ လိုက်လံစစ်ဆေးမှုများကို လူစည်ကားရာ​နေရာဖြစ်သည့် ပြည်-ရန်ကုန် လမ်းတည်ကုန်းတာလမ်းကားဂိတ်၊ ဘုရားနီးကားဂိတ်နှင့် ရွှေတောင်မြို့မ စျေးလမ်းဆုံလမ်းခွတို့တွင် ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပါးစပ်၊ နှာ​ခေါင်းစည်းတပ်ဆင်မှုရှိ​ရေး လှုပ်ရှား​ဆောင်ရွက်မှုကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်​ရေးအဖွဲ့  ဥက္ကဋ္ဌ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာ​ရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ ပူး​​ပေါင်း၍ မဖြစ်မ​နေ ခရီးသွားလာ​​နေကြသည့် ပြည်သူများ၊ လမ်းသွားလမ်းလာများ၊ ​စျေး​ရောင်း​စျေးဝယ်သူများအား နှာခေါင်းစည်းများ တပ်​ဆင်ခြင်း ရှိ/မရှိကို အထူးကြပ်မတ် စစ်​ဆးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)