အုတ်တွင်း စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများ မြှင့်တက်လာသည်နှင့်အမျှ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိရာ ယခင်က Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ယခုအချိန်အခါတွင် ပညာပေးကာလ ပြီးဆုံး၍ နှာခေါင်းစည်းများကို ယခုဝယ် ယခုတပ်စနစ်ဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အုတ်တွင်းမြို့ ဈေးရပ်ကွက်ရှိ မြို့မဈေးကြီးသွားလမ်း မီးရထား သံလမ်းဘေး နေရာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ Mask တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သွားလာနေကြသူများအား နှာခေါင်းစည်းတစ်ခုလျှင် ၁ဝဝဝိ/- ကျပ်နှုန်း ယခုဝယ် ယခုတပ်စနစ်ဖြင့် တပ်ဆင်စေခြင်း၊ မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်ကြရန်၊ လူစုလူဝေးနေရာ များသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာကြရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိဘဲ သွားလာသည့် ပြည်သူများထံမှ ဒဏ်ငွေအဖြစ် ကောက်ခံရရှိသည့်ငွေများကို အခြေခံ ပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော Community Base Facility Quarantine Centre သို့ လိုအပ်သည့်နေရာများတွင် အသုံးပြုရန် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)