ကျွန်းစု စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စားသောက်ဆိုင်များ စနစ်တကျ ရောင်းချနေမှု ရှိ/မရှိ ကို ယနေ့နံနက်ပိုင်းက ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းညွှန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဉက္ကဋ္ဌ ဒေါ်မိုးမိုးနွယ်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင် (၂၃) ဆိုင်၊ ကွမ်းယာဆိုင် (၃) ဆိုင်၊ ပေါင်း (၂၆) ဆိုင်ကို ရှောင်တခင် စစ်ဆေးခဲ့ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား လိုက်နာမှုမရှိဘဲ ရောင်းချနေသောဆိုင် မရှိကြောင်း မြို့နယ် စည်/ပင် မှ သိရသည်။
စည်သူရအောင်(ကျွန်းစု)