ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မြို့တွင်း၌ သွာလာနေသောပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေး

ဘုရားသုံးဆူ စက်တင်ဘာ ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြိုတွင် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မြို့တွင်း၌သွာလာနေသောပြည်သူများအား mask တပ်ဆင်မှု ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့ နေ့လယ် ၁၀ နာရီမှ စတင်၍ မြို့တွင်းအချက်အချာကျသော နေရာများတွင် ဌာနဆိုင်ရာများ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ  စုပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဆောင်ရွက်မှုများကို မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုး ဦးဆောင်၍ ဌာနာဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအသင်း၊ BGF နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ စုပေါင်း၍ မြို့အချက်အချာနေရာများတွင် စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါစစ်ဆေးမှုများအား နေ့စဥ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

စောရဲဝင်းထွဋ် (ပြန်/ဆက်)