ကျိုင်းတောင်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ကျိုင်းတောင်းမြို့ရှိ ယာယီပျံကျစျေးအတွင်းသို့ နှာခေါင်းစီး (Mask)တပ်ဆင်၍ စျေးရောင်း စျေးဝယ်မှု ရှိမရှိကို ယမန်နေ့နံနက်(၆)နာရီအချိန်ခန့်ကယာယီပျံကျစျေးအတွင်း စစ်ဆေး ဆောင်ရွက်မှု ပြုလုပ် ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စျေးသူစျေးသားများအား နှာခေါင်းစီး(Mask)များ တပ်ဆင်၍ စျေးရောင်းချစေခြင်း စျေးဝယ်သူပြည်သူများအား နှာခေါင်းစီး(Mask)တပ်၍ စျေးအတွင်းသို့ ဝင်ရောက် စျေးဝယ်စေခြင်း နှာခေါင်း စီး (Mask)များ မတပ်ဆင်ထားသော စျေးသူစျေးသားများနှင့် စျေးဝယ်သူပြည်သူများအား နှာခေါင်းစီး(Mask) များအခမဲ့ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆောင်ရွက်ရာ တွင် မြို့နယ်ခွဲ စည်ပင် သာယာ ရေးဌာနမှ ဒုတိယဦးစီးမှူး ဦးသီဟအောင်မှ ယာယီပျံကျစျေးအတွင်းသို့ လိုက်လံ စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရပါသည်။
ကျိုင်းတောင်း(ပြန်/ဆက်)