ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်

ခရမ်း စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်  ခရမ်းမြို့နယ်အတွင်း  ကိုဗစ် -၁၉ရောဂါ  ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်  ၈နာရီက မြို့မဈေး၊ ၃၄ ကားဂိတ်၊ စနေလမ်း  လမ်းစုံတို့တွင်  Mask တပ်ဆင်ရေး အသိပညာပေးခြင်းများနှင့် ခရီးသွားပြည်သူများအား mask များ အခမဲ့ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ် -၁၉ ရောဂါသည် ပြည်တွင်းကူးစက်မှုများ များပြားလာခြင်းကြောင့် ပြည်သူများ အနေဖြင့်  မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း  Mask တပ်ဆင်ရေး၊ မဖြစ်မနေ သွားလာရမည်ဆိုပါက မိသားစု တစ်စုလျှင် (၁) ဦးသာ သွားလာစေရေး၊ လူစုလူဝေးရှိသော နေရာများကို တတ်နိုင်သ၍ ရှောင်ကျဉ်ရေး၊  အပြင်မှ ပြန်လာတိုင်းနှင့် အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်သန့်ဆေး(သို့မဟုတ်) ဆပ်ပြာတို့ဖြင့်  လက်ကိုစနစ်တကျဆေးကြောရန်တို့ကို အသိပညာပေးပြီး Mask တပ်ဆင်အသုံးပြုခြင်း မရှိသူများအား Mask များ စနစ်တကျ တပ်ဆင်နိုင်ရေး အသိပညာပေး၍ mask များ တပ်ဆင်ပေးခဲ့ကြကြောင်း နောက်ရက်တွေမှာလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ခရမ်း)