တန့်ယန်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အရှိန်အဟုန်မြှင့်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရာ ကျန်းမာရေးစစ်ဆေးခြင်းနှင့် လူဝင်လူထွက် စောင့်ကြည့်ခြင်းတို့ကို ယနေ့မှစတင်၍ အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် တန့်ယန်းမြို့နယ်အတွင်းသို့ အခြားနေရာ ဒေသ များမှ လာရောက်လျှက်ရှိကြသူများ၊ ခရီးသွားများနှင့် မော်တော်ယာဉ်များ အားလုံးတို့ကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လူအဝင်/အတွက် ကြည့်ရှုစစ်ဆေးခြင်းတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မိုင်းပါတ်ကျေးရွာအဝင်ဂိတ်နှင့် မန်ကတ်ကျေးရွာဂိတ်များ ထားရှိကာ အရှိန်အဟုန်မြှင့် စောင်ကြပ်ကြည့်ရှုဆောင်ရွက်ပေးနေလျှက်ရှိရာ ခိုင်လုံသော အထောက် အထား ပြသနိုင်ခြင်းမရှိပါက ပြန်လည်လှည့်ပြန်ရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသော စည်းကမ်းများအတိုင်း Quarantine ဝင်ရမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးထံမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)