ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်

ရွာငံ    စက်တင်ဘာ  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့စာကြည့်တိုက်စာအုပ်/စာစောင်ငှားရမ်းခြင်း ကို ခေတ္တ ပိတ်ထားကြောင်း သိရသည်။

အဆိုပါစာကြည့်တိုက်ကို ခေတ္တပိတ်ထားသော်လည်း ပြည်သူများအတွက် ရွာငံမြို့ပြည်သူ့ စာကြည့်တိုက် Page မှ Online စနစ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ပြခြင်း စာပေချစ် မိဘပြည်သူများအတွက် စာအုပ်/စာစောင်များ မိတ်ဆက် ပေးခြင်း အစီအစဉ်တို့ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာ ရောက်နိုင်သောပြည်သူများအတွက် Online မှ တဆင့် အလွယ်တကူကြည့်ရှုနိုင်စေရေး၊ ကလေးငယ်များစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရေးနှင့် အပြောစွမ်းရည်များ ပိုမိုတိုးတက်ရရှိလာစေရေးအတွက် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

ရွာငံမြို့နယ်(ပြန်/ဆက်)