ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)ဝေငှခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

ကျောက်တံတား စက်တင်ဘာ ၁၄


ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန် အဟုန်မပျက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ ၃၀ နာရီက မဟာဗန္ဓုလပန်းခြံရှေ့နှင့် ဘတ်စ်ကားမှတ်တိုင်များတွင် ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေးအတွက် Mask နှာခေါင်းစည်းများဝေငှခြင်း (Mask Campaign) အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများမှ မဟာဗန္ဓုလပန်းခြံရှေ့နှင့် ဘတ်စ်ကားမှတ်တိုင် များတွင် သွားလာနေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ကာ နှာခေါင်းစည်း(Mask)များ ဝေငှခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း များကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရွှေနန်းမေ