လားရှိုးခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လားရှိုး  စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မြို့တော်ခန်းမတွင် လားရှိုးခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်()နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးတင်မောင်ရွှေက  စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီတွင် ပါဝင်သော ခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ  နှင့်အဖွဲ့ဝင်()ဦး၊ ဌာနဆိုင်ရာများမှ ()ဦး၊ နိုင်ငံရေး ပါတီ(၁၃)ခုမှ ကိုယ်စားလှယ်များ၊ ဩဇာတိက္ကမ ရှိသူ()ဦး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး()ဦး စုစုပေါင်း(၃၄)ဦးတို့က တစ်ဦးချင်းဆီ မိတ်ဆက်ပေးခဲ့ကြသည်။ ဆက်လက်၍ လားရှိုး ခရိုင်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဦးဝင်းမြင့်က ကော်မတီ၏လုပ်ငန်းတာဝန်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော နိုင်ငံရေးပါတီများမှ သိရှိလိုသည်များကို မေးမြန်းရာ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးတင်မောင်ရွှေမှ ပြန်လည်ရှင်းလင်းပေးခဲ့ပြီး အခမ်း အနားကို ရုတ်သိမ်း ခဲ့ကြောင်းသိရသည်။

စိုင်းအောင်ကျော်စိုး (ပြန်/ဆက်)