လှိုင်မြို့နယ်တွင် ညမထွက်ရအမိန့် လိုက်နာခြင်းရှိ/မရှိ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

လှိုင် စက်တင်ဘာ ၁၄


ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်အား လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယမန်နေ့ ညအချိန်က ရပ်ကွက် များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် ရုံးအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ည(၁၂)နာရီမှ နောက်နေ့ နံနက် (၄)နာရီ အချိန်အထိ သတ်မှတ်နယ်နိမိတ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းမပြုကြရန် ညမထွက်ရအမိန့်အား ပြည်သူများ လိုက်နာခြင်းရှိ/ မရှိ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းများကို ရပ်ကွက် များအနှံ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသန္တရအမိန့် ဖောက်ဖျက်သူများကိုလည်း အရေးယူ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ မြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေ သည့် အဖွဲ့အစည်းများ၊ ကျန်းမာရေးကိစ္စဖြင့် ပြင်ပသို့ သွားလာခြင်းမှအပ ဤအမိန့်သည် အများပြည်သူ အကျိုးအတွက် ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် ပြည်သူများ တိကျစွာ လိုက်နာကြရန် လိုအပ်ကြောင်း  သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)