လှိုင် စက်တင်ဘာ ၁၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ အား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့ကအိမ်တိုင်ရာရောက် လိုက် လံ ထောက်ပံ့ ပေးအပ်လျက်ရှိ ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထား ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် ဘိုး ဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွား (၈၄၆)ဦးအတွက် ထောက် ပံ့ငွေများကို သက်ဆိုင် ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူတို့က ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့် အညီ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)