ပန်းဘဲတန်း စက်တင်ဘာလ ၁၄
ပန်းဘဲတန်းမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အတွက် အလှူငွေများနှင့် ပစ္စည်းများလှူဒါန်းပေးလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဘဲတန်းမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်း၊ အသင်းဝင်များမှ အလှူငွေကျပ် (၁၀)သိန်း၊ အမှတ်(၇)ရပ်ကွက် စိန်ပန်းမြိုင်ပုံနှိပ်လုပ်ငန်းပိုင်ရှင် ဦးနေလင်းက အလှူငွေကျပ် (၂)သိန်းနှင့် တော်ဝင်နှလုံးသားဖောင်ဒေးရှင်းအဖွဲ့ဝင် အလင်းရောင်ဆေးဆိုင်မှ လည်ရှည်ဖိနပ် (၁၅)စုံနှင့် လက်အိတ် (၆)ဗူးတိုးအား လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် ကော်မတီဝင်များက လက်ခံခဲ့ကြောင်း သိရှိရပါသည်။
နေခြည်(ပြန်/ဆက်)