ဟင်္သာတမြို့ လူစည်ကားသည့်နေရာများ၌ နှာခေါင်းစည်း(Mask) ၅၀၀၀၀ ဖြန့်ဝေလှူဒါန်း

ဟင်္သာတ  စက်တင်ဘာ  ၁၄

ဟင်္သာတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဟင်္သာတ) နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ကြီးကြပ် အသင်းတို့ပေါင်းပြီး ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရှိ လူစည်ကားသည့်နေရာများတွင် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမဲ့ဖြန့်ဝေလှူဒါန်းမှုကို  ဈေး၊ ပဒေသာဈေး မီးပွိုင့်ဆုံ၊ ဟင်္သာရုပ် အဝိုင်းနှင့် မြန်မာ့မီးရထား (ဟင်္သာတ)ဘူတာ ရုံတို့ရှိ ခရီးသွားပြည်သူ များ၊ ဈေးသွား /ပြန်များ၊ ဈေးသူ/သားများ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် အနှေးယာဉ်အသုံး ပြုသွားလာကြသည့် လူစည်ကားများပြားသော နေရာ(၄)နေရာတွင် အဆိုပါအဖွဲ့က နှာခေါင်းစည်း(Mask)အခုရေ (၅၀၀၀၀)ကို လိုက်လံဖြန့်ဝေ စုပေါင်းလှူဒါန်း ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)