ရေးမြို့နယ်၌ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေး အခမဲ့ဖြန့်ဝေခြင်းနှင့် Mask ကမ်ပိန်း ပြုလုပ်

ရေး  စက်တင်ဘာ   ၁၄

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွါးစေရေးအတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ပိုင်းက ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းမ၊  ကမ်းနားလမ်း မြသီ တာဈေး အတွင်းအပြင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအရှေ့ရှိ သွားလာနေသော ပြည်သူ များနှင့် ဈေးဝယ်လာသူ များအား နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး အခမဲ့ဖြန့် ဝေခြင်းနှင့် Mask ကမ်ပိန်း ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အခမဲ့ဖြန့်ဝေခြင်းတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌ ဒေါ်သီတာမျိုးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သောညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask ကို တပ်ဆင်ကြရန်၊ နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသော ပြည်သူများအား အခမဲ့တပ်ဆင်ပေး ခြင်းဖြင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့မှ ပညာပေးလုပ်ငန်းများ အရှိန်မ အဟုန်မပြတ် လုပ်ဆောင်သကဲ့သို့ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များက နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ် အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)