မိုင်းနောင်မြို့ပျံကျစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များအား အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

မိုင်းနောင်  စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပျံကျစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ အသိပေးနှိုးဆော်ခြင်းများကို ယနေ့ နံနက်(၆)နာရီအချိန် က စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် စျေးရောင်းစျေးဝယ်များ (mask)တပ်ရန်၊ စျေးအတွင်း တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ တွင်နေ၍ စျေးရောင်းစျေးဝယ်ပြုလုပ်ရန်၊ တစ်ခြားမြို့နယ်ရပ်ဝေးမှ ဖြစ်ပါက သက်ဆိုင်ရာ မြို့၊ ရပ်ကွက်၊ ဆေးထောက်ခံချက်များ ပါရှိရန်၊ ထုတ်ပြန်ကြေညာထားသော စည်းကမ်းမလိုက်နာသူ စျေးရောင်းသူများသည် စည်းကမ်းလိုက်နာမှုအားနည်းပါက ဒဏ်ရိုက် အရေးယူမှုများ ဆောင်ရွက်ခြင်း၊ ပျံကျစျေးအား နံနက်(၁၁)နာရီ အချိန် အားလုံးပြီးစီးအောင် ပိတ်သိမ်းစေခြင်းများကို အသိပေးနှိုးဆော်ခဲ့ပါသည်။ ဆက်လက်၍ မြို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်၊ ထိန်းချုပ်၊ တုန့်ပြန်ရေးကော်မတီဝင်များသည် စျေးအတွင်းရှိ စျေးရောင်း/စျေးဝယ်များ (mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ တပ်ဆင်ခြင်းမရှိသူများအား တစ်ခု(၅၀၀)နှုန်းဖြင့် ဒဏ်ရိုက်ရောင်းချ၍ အခုဝယ်အခုတပ်စနစ်ဖြင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)