မိုင်းယောင်း စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့၌ ဈေးလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၅ ရက်တွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း စည်ပင်သာယာရေးဌာန တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးထံမှ သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းမှာ အရှည် ၃၄၀ ပေ၊ ထု ၁ ပေနှင့် ၁၈ ပေ အကျယ်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ ၃၅ ဒသမ ၄၁၅ သန်းဖြင့် ဩဂုတ်လနောက်ဆုံးပတ်က စတင်ဆောင် ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း