လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံမှုမရှိ စေရန်နှင့် ရောဂါကာကွယ် ၊ ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုယ်စားပြု Community Quarantine Centre အတွက် ဦးအေးသောင်း(ရွှေလင်ဗန်းစက်မှုဇုန်ဥက္ကဋ္ဌ)+ပါမောက္ခ ဒေါက်တာအေးအေးသိန်း (ဗဟိုအမျိုးသမီးဆေးရုံကြီး)တို့က PPE ဝတ်စုံ (၁၅၀)စုံနှင့် Green Spring Manufacturing Co.Ltd မှ PPE ဝတ်စုံ (၅၀)စုံ စုစုပေါင်း PPE ဝတ်စုံ (၂၀၀)စုံတို့ကို ယမန့်နေ့ မွန်းလွဲပိုင်းက လှူဒါန်းသည်။
ထိုသို့ လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီ ကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်းအောင်တို့ လက်ခံရယူခဲ့ပြီး အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက လှိုင်သာယာမြို့နယ် အရေးပေါ် လူမှုကူညီကယ်ဆယ်ရေး အသင်းများအတွက် အရေးပေါ် လိုအပ်နေသော PPE ဝတ်စုံများကို လှူဒါန်းပေးပါသော အလှူရှင်များအား လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)