ပုသိမ်၌ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ကူးစက်မှု အန္တရာယ်မှ ကင်းဝေးစေရန် ခရီးသွားလာခွင့် ယာယီ ရပ်ဆိုင်းထား

ပုသိမ်   စက်တင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် တိုင်းအတွင်းနှင့် တိုင်းပြင်ပ ပြေးဆွဲနေသော မော်တော်ယာဉ်အားလုံးကို စက်တင်ဘာ ၁၁ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အထိ ယာယီရပ်ဆိုင် ထားကြောင်း ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီရုံးမှ သိရသည်။

ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှု ပုံမှန်ရှိရေးတို့အတွက် ကုန်တင်ယာဉ်များကိုသာ ပြေးဆွဲခွင့် ပြုထားပြီး အဆိုပါယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည် ကျန်းမာရေး ဆေးစစ်မှုများ  ပြုလုပ်ပြီးမှာ မောင်းနင်ခွင့် ပြုကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စ၊ အရေးကြီးကိစ္စရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ ခရီးသွားထောက်ခံစာများနှင့်အတူ သွားလာခွင့်ပြုကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်း မြို့နယ်ကျော် ခရီးသွားပါက ခရီးသွားထောက်ခံစာ ရယူပြီးမှသွားရမည် ဖြစ်ပြီး၊ မြို့နယ်အတွင်း သွားပါက မလိုကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)