လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်း Mask များ လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံမှုမရှိ စေရန်နှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ပြန်လည်လျော်ဖွပ် အသုံးပြုနိုင်သည့် အဝတ်ဖြင့် ချုပ်လုပ် ထားသော မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ လှူဒါန်းထားသည့်  လူကြီးနှာခေါင်းစည်း Mask နှင့် ကလေး နှာခေါင်းစည်း Mask များကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မိသားစုများ၊ အမှတ်(၂၀) ရပ်ကွက်နှင့် အမှတ်(၁၈)ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့မိသားစုများအား ယမန်နေ့ ညနေ ၄ နာရီက လှူဒါန်းသည်။

ထိုသို့ လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂)(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ ၊မြို့နယ်စည်ပင်သာယာ ရေးကော်မတီ အဖွဲ့ဝင်(၂) ဦးဇော်အောင်တို့က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့ဝင်မိသားစုများ အတွက် လူကြီးဝတ် နှာခေါင်းစည်း Mask (၃၆၀)ခု၊ကလေးဝတ် နှာခေါင်းစည်း Mask (၈၀)ခု၊ အမှတ်(၂၀)ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့မိသားစုများအတွက် လူကြီးဝတ် နှာခေါင်းစည်း Mask (၂၄၀)ခု၊ကလေးဝတ် နှာခေါင်းစည်း Mask (၁၂၀)ခု အမှတ်(၁၈)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ မိသားစုများအတွက် လူကြီးဝတ် နှာခေါင်းစည်း Mask (၉၄)ခု၊ကလေးဝတ် နှာခေါင်းစည်း Mask (၄၇)ခု၊ တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)