ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ် စိုက်ကွက်များအား တာဝန်ရှိသူးများက ကွင်းဆင်းစစ်ဆေး

ချောက် စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်း မျိုးသန့် မျိုးစေ့ထုတ် စိုက်ကွက် များအား ယမန်နေ့က  တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီး မှူး ဒေါ်အေးမြင့်မြတ်သင်းနှင့် ဝန်ထမ်းများက ဓာတ်မြေမှတောင်သူ ဦးစိုးမြင့်နှင့် မကျီးကန် အုပ်စုမှ တောင်သူဒေါ်စန်းဌေးတို့၏ ဧရာမင်းနှင့် မ‌နောသုခမျိုးစေ့ထုတ် စိုက်ကွက်အတွင်း ပိုးမွားအန္တရာယ် ကင်းရှင်းစေနိုင်ရေး၊ အပင်ပွားများ စစ်ဆေးခြင်းများ ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် (CERP) အစီအစဉ်ဖြင့်  မိုးစပါးမျိုးစေ့ထုတ ်စိုက်ကွက် အရည်အသွေး ကောင်းစပါး (၁၃)ဧက၊ အထွက်ကောင်း မျိုးစပါး (၇၇) ဧက စုစုပေါင်း ဧက (၉၀) စိုက်ပျိုးထားရှိပြီး အဆိုပါ မျိုးစေ့ထုတ်စိုက်ကွက်များ အတွင်း ဧရာမင်းနှင့် မနောသုခ စပါးမျိုးများ ကို စိုက်ပျိုးထားရှိရာ မျိုးစေ့ထုတ် စိုက်ကွက် တောင်သူများအတွက် ထောက်ပံ့ကြေးများကိုလည်း ဩဂုတ် (၂၃ရက်နေ့က ပထမအရစ်အဖြစ် လည်းကောင်း၊ စက်တင်ဘာ () ရက်နေ့က ဒုတိယအရစ်အဖြစ်လည်း ကောင်း ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် မိုးစပါးစိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းရေးအတွက် နည်းပညာပေး စင်တာအတွင်းရှိ ဝန်ထမ်းများ နှင့် ဒေသခံ တောင်သူများပူးပေါင်း၍ မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်း၊ ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေး၊ မြေဩဇာများ အချိုးကျ မှန်ကန်စွာ အသုံးပြုတတ် စေရေး၊  သဘာဝမြေဩဇာ များကိုယ်တိုင်  ပြုလုပ်သုံးစွဲတတ်စေရေးအတွက် နည်းပညာများကို ဖြန့်ဖြူး သင်ကြားပြသပေးလျက်ရှိကြောင်း ချောက်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်းက ပြောကြားချက်အရသိရသည်။

မချို(ချောက်)