ကမာရွတ်မြို့နယ်တွင် ပြည်သူများ Mask တပ်ဆင်အသုံးပြုရေးပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်

ကမာရွတ် စက်တင်ဘာ ၁၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာလာသူများအားနှာခေါင်းစည်း Mask တပ်ဆင်အသုံးပြုရေး ပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လှည်းတန်းဈေး၊ ကားဂိတ်၊ လမ်းဆုံများတွင် တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ကော်မတီဝင်များ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းပြုလုပ်ဆောင်ရွက်ခဲ့ရာ လှည်းတန်းဈေး အတွင်း ဈေးရောင်းသူများနှင့် ဈေးဝယ်သူများ၊ ဆိုက်ကားမောင်းနှင်သူများ၊ လိုင်းကားများဖြင့် လိုက်ပါခရီးသွားလာကြမည့် ခရီးသွားပြည်သူများထံ နှာခေါင်းစည်း Mask တပ်ဆင်ရေး ပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)