ကောလင်း စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ ဥက္ကံနည်းပညာပေးစင်တာ နယ်မြေအတွင်းရှိ တောင်သူ ဦးအောင်ဝင်း၏ မှော်ဘီ-၂(၂)ဧက၊၊ဦးငြိမ်းမင်း၏မှော်ဘီ-၂(၂)ဧက၊ ဦးမောင်မြင့်၏ မိုးစပါး မှော်ဘီ - ၂ (၄)ဧက၊ ဦးဆန်းမြင့်၏ မိုးစပါး ဧရာမင်း(၄)ဧက၊ မျိုးစေ့ထုတ်စိုက်ကွက်မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်းနှင့် ပိုးမွှားရောဂါများ ကျရောက်မှု မရှိစေရန် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ကောလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အဆိုပါ နယ်မြေများရှိ နည်းပညာပေးစင်တာမှ ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ စက်တင်ဘာလ ၁၄ ရက်နေ့က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကောလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသ ( ၄ ) ခုတွင် နည်းပညာပေး စင်တာများဖွင့်လှစ်ထားရှိပြီး၊ ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်ဧက (၄၅၀) အား အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပြီး၊ အဆိုပါ မျိုးစေ့ထုတ်စိုက်ကွက်များအတွင်း မှော်ဘီ၊ ဆင်းဧကရီ-၃၊ ဧရာမင်း စပါးမျိုးများကို စိုက်ပျိုးထားရှိကြောင်း၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် တောင်သူများ အတွက် ထောက်ပံ့ကြေး များကိုလည်း ဩဂုတ်လ ၃၀ ရက်နေ့တွင် ပထမအရစ် ထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ မိုးစပါးမျိုးစေ့ ထုတ် စိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းရေးအတွက် နည်းပညာပေးစင်တာအတွင်းရှိ ဝန်ထမ်း များနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်း၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး၊ မြေဩဇာများ အချိုးကျ မှန်ကန်စွာ အသုံးပြုတတ်စေရေး၊ သဘာဝမြေဩဇာများ ကိုယ်တိုင်ပြုလုပ် သုံးစွဲတတ်စေရေးအတွက် နည်းပညာများကို ဖြန့်ဖြူး သင်ကြားပြသပေးလျက် ရှိပါကြောင်း၊ ထို့အပြင် မိုးစပါးများကို စနစ်တကျ စိုက်ပျိုးနိုင်ရေးအတွက် ကွင်းသရုပ်ပြပွဲများ ကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် မိမိတို့၏ စိုက်ကွက်များအတွင်း ပိုးမွှားများ ကျရောက်ခြင်း၊ မြေဩဇာများ စနစ်တကျသုံးစွဲလိုခြင်း၊ အခြား စိုက်ပျိုးရေးနည်းပညာ အခက်အခဲများ ပေါ်ပေါက်လာပါက ကောလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော သက်ဆိုင်ရာနယ်မြေများမှ နည်းပညာပေး စင်တာများရှိ ဝန်ထမ်းများနှင့် ဆက်သွယ်၍ ဆောင်ရွက်နိုင်ပါကြောင်း၊ ကောလင်းမြို့နယ်အတွင်းတွင် မျိုးစေ့ ထုတ် စိုက်ကွက်ဧက (၄၅၀) ရှိရာ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များအတွင်း မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်းနှင့် ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်မှု တောင်သူ ၂၄ ဦး၊ စိုက်ဧက ၆၄.၅ဧက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာနမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)