လယ်ဝေး စက်တင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် CERP အရ ထောက်ပံ့ငွေများအား ယမန်နေ့က စတင်ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အစီအစဉ်ဖြင့် မသန်စွမ်းသူများအား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၃၀၀၀ဝိ/-)နှုန်းဖြင့် လယ်ဝေးမြို့နယ်အတွင်း မသန်စွမ်းသူဦးရေ (၅၇၄)ဦးအတွက် စုစုပေါင်းငွေကျပ် (၁၇,၂၂၀,၀၀ဝိ/-)အား ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဝေကြည်စန်းအောင်(ပြန်/ဆက်)