ကလော စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် အောင်ပန်းမြို့ ညောင်ပင်ထောင် ရပ်ကွက် ၊ နယ်မြေ(၃) စိန်ပန်းလမ်းတွင် ယမန်နေ့ ည (၁၂:၃၀)နာရီအချိန်ခန့် က ဝါယာကြိုးအပူလွန်ကဲရာမှ ၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ အိမ်ပိုင်ရှင် ဦးဒီဗီကန်ဝါလ် (သ) ၅၅ နှစ် တစ်ထပ်တိုက် နေအိမ်တွင် တပ်ဆင်ထား သည့် လျှပ်စစ် မီတာဘောက်မှ ဝါယာကြိုး အပူ လွန်ကဲကာ နေအိမ်အား မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မီးလောင်မှု ကြောင့် အိမ်ပိုင်ရှင် ဦးဒီဗီကန်ဝါလ် (သ) ၅၅ နှစ်နေအိမ် (၂၀×၁၈) ပေ သွပ်မိုး၊ ထရံကာ ၊ မြေစိုက်နေအိမ် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ အောင်ပန်းနယ်မြေ မီးသတ်စခန်းမှ မီးငြိှမ်းသတ်ယာဉ်(၁) စီး ၊ သန္ဓေတပ်ဖွဲ့ ဝင်(၁+၅)ဦး ၊ အရံတပ်ဖွဲ့ဝင် (၅) ဦး နှင့် ဒေသခံပြည်သူများ ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ရာ (၁၂) နာရီ (၅၅) မိနစ်အချိန်ခန့်တွင် မီးငြှိမ်းနိုင်ခဲ့ပြီး လူ နှင့် တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ မရှိကြောင်း၊ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အောင်ပန်းနယ်မြေ ရဲစခန်းမှ အိမ်ရှင် ဦးဒီဗီကန်ဝါလ်အား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)