ကျိုက်လတ်၌ CERP အစီအစဉ်အရ ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်အရ ပညာဝတီအမျိုးသမီးဘဝမြှင့်တင်ရေးဂေဟာတွင် ယမန်နေ့ နံနက် ၉ နာရီ ၌ ပရဟိတဂေဟာ များသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အမိန့်အမှတ် (၁၁/၂၀၂၀) ကို ယမန်နေ့ရက်စွဲဖြင့် ညမထွက်ရအမိန့်အား ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

နာဂဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စားသောက်ဆိုင်၊ လဖက်ရည်ဆိုင်များအား စစ်‌ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေး အရေးပေါ် တုံ့ပြန်ရေးကော်မတီက လဟယ်မြို့ပေါ်၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော

ကဝမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အစည်းအဝေး ခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာတွင် Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ မိုင်းကောင်ကျေးရွာတွင် မြို့နယ်အရန်မီးသတ် တပ်ရင်းက အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီ က ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မိုင်းလုံမြို့တွင် အထူးရဲ(၃၃)ဦးနှင့် အရန်(၂)ဦး ခန့်အပ်သွားမည်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ ၃၃ဦးနှင့် အရန် ၂ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗန်းမောက်မြို့၌ မိုးစပါးမျိုးစေ့ထုတ်ကွက်စိုက် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ထုတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်ကွက်စိုက် တောင်သူများအား မျိုးကွဲပယ်ခြင်း စရိတ်နှင့်မျိုးသန့် စင်စရိတ် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့အဝင်ဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် လူဝင်၊ လူထွက် စစ်ဆေးခြင်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ (၁) ရက်နေ့မှစပြီး သံတောင်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်း၊ ခရီးသွားလာသူများ၏ မှတ်တမ်းများရယူထားခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟတိအဖွဲ့များက လူဝင်လူထွက်စစ်ဆေးခြင်း၊ ခရီး သွားလာသူများမှ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာ ပါ/မပါတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများလှူဒါန်း

ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေ များကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္က လာပ မြို့နယ် ရွှေပေါက်ကံမြို့သစ်အုပ်ချုပ်ရေးမှူးရုံးသို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်ရန် ဗီယက်နမ်နိုင်ငံမှ လာရောက်သည့် MV SANTA သင်္ဘောပေါ်မှ သင်္ဘောသား(၂၁)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် M.V YANGZE-7 သင်္ဘောပေါ်မှ သင်္ဘောသား(၅)ဦး ၊အိန္ဒိယနိုင်ငံမှလာရောက်သည့် MV HAN HE သင်္ဘောပေါ်မှ သင်္ဘောသား(၆)ဦး၊ စုစုပေါင်းသင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၃၂)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်းသိရသည်။
Subscribe to