နတ်မောက်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအကြောင်းသိကောင်းစရာများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ပြသ

နတ်မောက်   စက်တင်ဘာ  ၁၅    

မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဒေသခံပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြောင်းသိကောင်းစရာများနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်အား ရုံး ရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်သူလူထုထံသို့ အသိပညာပေး ထုတ်ပြန်ချက်များ ၊ သင်ဒါတွေသိပြီးပြီလား ၊ မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင် ရာမေးခွန်းများ နှင့် အဖြေများ ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ကြိုတင်ကာ ကွယ်ရေး အသိပညာပေး ထုတ်ပြန်ချက်များ ၊ ကိုဗစ်-၁၉ ကာကွယ်ဖို့မောင်တို့မယ်တို့လိုက်နာစို့  ပညာပေးပိုစတာများ ၊ အနုပညာရှင်များ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး စကားသံများ ပြသ ဆောင်ရွက်ထားရှိကြောင်း သိရသည်။    
သင်းသင်းဝေ( နတ်မောက်)