နမ့်ဆန်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် ညမထွက်ရအမိန့် ထပ်မံရက်တိုးမြှင့်ထုတ်ပြန်

နမ့်ဆန်    စက်တင်ဘာ   ၁၅

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးတို့အတွက် ညမထွက်ရ အမိန့်ကို စက်တင်ဘာ(၁၅)ရက်  ရက်စွဲဖြင့် ထပ်မံရက်တိုးမြှင့်လိုက်ကြောင်းသိရသည်။

ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝန်းကူးစက်ပျံ့နှံ့ခဲ့ရာ  မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွား လျက်ရှိပြီး နမ့်ဆန်မြို့နယ် အတွင်းရှိ မိဘပြည်သူများမှ အဆိုပါရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းရေးတို့အတွက် အရေးပေါ်ကိစ္စ ပေါ်ပေါက် ပါကသက်ဆိုင်ရာ၏ ခွင့်ပြုချက်အရမှအပ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၁၅) ရက်နေ့မှစ၍ နေ့စဉ် ည(၁၂)နာရီမှ နောက်တစ်နေ့ နံနက်(၄) နာရီ အထိ ညမထွက်ရန်အမိန့် ထုတ်ပြန်လိုက်ကြောင်းသိရသည်။ အဆိုပါ အမိန့်သည်  အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်း ဖြစ် သဖြင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရေ အရေးယူခံရမည်ဖြစ်ပြီး အမိန့်ထုတ်ပြန်သည့် နေ့မှစ၍ (၂)လ အတွင်း အတည် ဖြစ်ကြောင်းသိရသည်။

ယခင်က နမ့်ဆန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၁၅.၇.၂၀၂၀) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော  အမိန့်အမှတ် (၅/၂၀၂၀) အား ဤအမိန့်စာဖြင့် ညမထွက်ရန် အမိန့်ထပ်မံရက်တိုး ထုတ်ပြန်လိုက်ကြောင်း သိရ သည်။

ကိုအောင်မိုး (ရွှေဖီမြေ)