လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် ရေဥက္ကံ ကျေးရွာများရှိ Lock down ချထားရာနေအိမ်များသို့ ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် ကြက်သွန်များ လှူဒါန်း

လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက် နှင့် ရေဥက္ကံ ကျေးရွာများရှိ Lock down ချထားရာနေအိမ်များသို့ ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် ကြက်သွန် များကို We Love Yang on၊ We Love Hlaingtharyar အဖွဲ့များ၊ လှိုင်သာယာမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်နှင့် လွှတ်တော်ကိုယ်စားလှယ် ရုံး အဖွဲ့ဝင်များမှ ယမန်နေ့ မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ ပေးအပ်လှူဒါန်းရာတွင် အိမ်ထောင်စု(၂၁)စုအတွက် တစ်ပတ်စာ ဆန်၊ ဆီ၊ ငါးသေတ္တာ နှင့် ကြက်သွန်များကို We Love Yangon၊ We Love Hlaingtharyar အဖွဲ့များ၊ လှိုင်သာယာ မြို့နယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်နှင့် လွှတ်တော် ကိုယ်စားလှယ် ရုံး အဖွဲ့ဝင်များက ပေးအပ်လှူဒါန်းခဲ့ကြပြီး အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက်နှင့် ရေဥက္ကံကျေးရွာများရှိ Lock down ချထားရာနေအိမ်များမှ မိသားစုများက ကိုယ်တိုင်ကိုယ်ကျ လက်ခံရယူခဲ့ကြကြောင်းသိရှိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)