ကန့်ဘလူမြို့နယ် သိန်ရင်ဆည်အတွင်း ငါးသားပေါက်ကောင်ရေ နှစ်သိန်း ငါးမျိုးစိုက်ထည့်

ကန့်ဘလူ စက်တင်ဘာ ၁၅

မြစ်၊ချောင်း၊ အင်းအိုင်နှင့် ဆည်ကြီးများအတွင်း ငါးသယံဇာတတိုးပွားရေး၊ သဘာဝရေပြင်များမှ ငါးသယံဇာတ စဉ်ဆက်မပြတ် ပိုမိုထုတ်လုပ်နိုင်စေရေး၊ ဒေသခံပြည်သူများ ငါးရိက္ခာ ဖူလုံစေရေးတို့ကို ရည်ရွယ်၍  စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ရှိ သိန်ရင်ဆည်အတွင်း ယနေ့ နံနက်ပိုင်းက ငါးသားပေါက်ကောင်ရေ နှစ်သိန်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှသိရသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်ထူးမောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးကိုဦးနှင့် ဝန်ထမ်းများ၊ ရွှေဘိုငါးလုပ်ငန်း စခန်း တာဝန်ခံ  ဦးဇော်ဝင်းအ ောင်၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ဆည်အတွင်း ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ တစ်သိန်း၊ ငါးခုံးမကြီး ကောင်ရေ တစ်သိန်းတို့အား ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)