ညောင်ဦးမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့်ဆောင်ရွက်သည့်ကျေးရွာများ မီးလင်း

ညောင်ဦး ၊ စက်တင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမီးလင်းရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာများသုံးရွာအား စက်တင်ဘာ ၁၃ ရက်နေ့တွင် တပြိုင်တည်းမီးလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်ထံက သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ညောင်ဦးမြို့နယ်အတွင်း လျှပ်စစ်မီးလင်းခဲ့သည့် ကျေးရွာများမှာ ကန်နီပေါက်ကျေးရွာအုပ်စုရှိ ကန်နီပေါက်ကျေးရွာ၊ ကျောက်ကန်ကျေး ရွာအုပ်စုရှိ ကျောက်ကန်ကျေးရွာနှင့် တူရွင်းတိုင်ကျေးရွာအုပ်စုရှိ မကျီးတန်းကျေးရွာတို့ စက် တင်ဘာ (၁၃) ရက်နေ့တွင် တစ်ပြိုင်တည်း တစ်ချိန်တည်းလျှပ်စစ်မီးလင်းပေးနိုင်ခဲ့ကြောင်း၊ အဆိုပါကျေးရွာများ မီးလင်းရေးအတွက် လိုအပ်သည့် (၁၁) ကေ ဗွီဓာတ်အားလိုင်းနှင့် (၁၁/ ၀ဒသမ၄) ကေဗွီထရန်စဖော်မာများ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တပ်ဆင်တည်ဆောက်ပေးခဲ့ပြီး ကျေးရွာတွင်း (၄၀၀) ဗို့ဓာတ်အားလိုင်းအား ကျေးရွာပြည်သူ များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်က ပြောကြားသည်။

ညောင်ဦးမြို့နယ်တွင် ကျေးရွာပေါင်း (၁၈၈) ရွာရှိရာ ယခုတပြိုင်တည်းမီးလင်းသည့် ကျေးရွာ သုံးရွာအပါအဝင် (၁၂၈) ရွာလျှပ်စစ်မီးလင်းခဲ့ပြီဖြစ်ကာ (၆၈) ရာခိုင်နှုန်း ညောင်ဦးမြို့နယ် ကျေးရွာများသို့ လျှပ်စစ်ရောက်ရှိနေပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့ ကျေး ရွာများ မီးလင်းနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ပုံငွေကျပ်သန်း (၁၅၈၆) ကျော် ကျခံသုံးစွဲလျက်ရှိကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်ထံက သိရသည်။

ကိုထိန်၊ KPD