မြောက်ဥက္ကလာပ စက်တင်ဘာ ၁၅
ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေ များကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္က လာပ မြို့နယ် ရွှေပေါက်ကံမြို့သစ်အုပ်ချုပ်ရေးမှူးရုံးသို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် PPE ဝတ်စုံများကို ဝယ်ယူနိုင်ရန် အလှူရှင်အသီးသီးမှ အလှူငွေစုစုပေါင်း (၇)သိန်းကျပ် လှူဒါန်းရာရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင် ဦးနိုင်ဝင်းကလက်ခံရယူခဲ့ ကြောင်း သိရသည်။
အဆိုပါရပ်ကွက်အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် ဆက်စက်သူများကို Quarantine Centerများသို့ ပို့ဆောင်ပေးသည့်လုပ်ငန်းများ၊ မြို့နယ်အတွင်း ပိုးတွေ့ရှိခဲ့ သည့်နေရာများကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များ ဖြင့် ပူးပေါင်း၍ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကို ပြည်သူများ လိုက်နာနိုင်ရန် အသိပေးခြင်း လုပ်ငန်းများ၊ Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လှူဒါန်းရရှိသည့် အလှူငွေများဖြင့် PPE ဝတ်စုံများ ဝယ်ယူသွား မည်ဖြစ်ကြောင်း ရွှေပေါက်ကံမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မြမြဝင်း (ပြန်/ဆက်)