ကျိုက်လတ်၌ CERP အစီအစဉ်အရ ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေများပေးအပ်

ကျိုက်လတ်  စက်တင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်အရ ပညာဝတီအမျိုးသမီးဘဝမြှင့်တင်ရေးဂေဟာတွင် ယမန်နေ့ နံနက် နာရီ ပရဟိတဂေဟာ များသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ ဂေဟာများရှိ လူငယ်များ စားသောက်နေထိုင်ရေး အခက်အခဲမရှိ အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေများကို ကျိုက်လတ်မြို့နယ် ပေချောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ တစ်ဦးလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် လူဦးရေ (၄၀) ဦးအတွက် ငွေ (၆၀၀၀၀၀) ကျပ်နှင့် ပညာဝတီ အမျိုးသမီးဘဝမြှင့်တင်ရေးဂေဟာရှိ လူဦးရေ (၃၉) ဦးအတွက် ငွေ (၅၈၅၀၀၀)ကျပ်တို့အား ဂေဟာမှူးများထံသို့ မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်အေးငြိမ်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

ရီရီမြင့် (ပြန်/ဆက်)