တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာတွင် Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

တန့်ယန်း   စက်တင်ဘာ   ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ မိုင်းကောင်ကျေးရွာတွင် မြို့နယ်အရန်မီးသတ်တပ်ရင်းက အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက်  Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီ က ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက်  Mask ၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်မြင့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မိုင်းကောင်ကျေးရွာ ရပ်မိရပ်ဖ ဦးဝင်းဗိုလ်နှင့် စျေးကော်မတီမှ ဦးစိုင်းနွံခေး၊ မိုင်းကောင်ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ  မိုင်းကောင်ကျေးရွာနှင့် စျေးတို့တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် တေးသီချင်းများ ဖွင့်လှစ်ခြင်း၊ အသိပညာပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးပေးခြင်း၊ နှာခေါင်းစည်း Mask (၂၀၀၀)ခု၊ မျက်နှာကာ Face Shield (၁၀၀)ခုနှင့် မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားသော အသိပညာပေး လက်ကမ်းစာစောင်များကို  ပြည်သူများ၊ စျေးသည်များနှင့် စျေးဝယ်လာသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။                                                                      

မင်းလွင်ဦး(ပြန်/ဆက်)