လဟယ် စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေး အရေးပေါ် တုံ့ပြန်ရေးကော်မတီက လဟယ်မြို့ပေါ်၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော စည်းကမ်း ချက်များနှင့်ညီ၊ မညီစစ်ဆေး ဆောင်ရွက်မှုကို ယနေ့နံနက် (၁၀) နာရီချိန်တွင် စစ်ဆေးမှုပြုလုပ်ဆောင်ရွက်ကြောင်း သိရပါသည်။
ထိုသို့ စစ်ဆေးမှုဆောင်ရွက်ရာ၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များက လဟယ်မြို့ပေါ် စားသောက်ဆိုင်လက်ဖက်ရည်ဆိုင်များ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ပါမင်းလှိုင် (ပြန်/ဆက်)