သံတောင်ကြီး၊ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ (၁) ရက်နေ့မှစပြီး သံတောင်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်း၊ ခရီးသွားလာသူများ၏ မှတ်တမ်းများရယူထားခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟတိအဖွဲ့များက လူဝင်၊ လူထွက် စစ်ဆေးခြင်း၊ ခရီးသွားလာသူများမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာ ပါ/မပါတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သံတောင်မြို့တွင် ကိုဗစ် - ၁၉ရောဂါ ကူးစက်ခံရသူ (၁) ဦးရှိလာသည့်အတွက် ကူးစက် ပြန့်ပွားမှုများမရှိစေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သံတောင်မြို့သို့ ဝင်ရောက်လာသူများက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ထောက်ခံစာပါရှိမှသာ မြို့ထဲသို့ ဝင်ခွင့်ပြုကြောင်း၊ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခြင်းအား ယာယီပိတ်ထားလျက်ရှိကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်ထံက သိရသည်။
မြို့နယ်ပြန်/ဆက်