ဟုမ္မလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ယနေ့ နံနက်(၈)နာရီက ဟုမ္မလင်းမြို့၊ ခိုပဲဝလမ်းနှင့် နောင်ပိုအောင်၊ နမ့်တောသို့ သွားသည့်လမ်းစုံ၌ ခရီးသွား ပြည်သူများ၊ လမ်းသွား၊ လမ်းလာ ပြည်သူများကို နှာခေါင်းစည်း (mask) ၅၀၀ ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ပို့ချ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၁၆ ရက်နေ့အထိ အထက(ပန်းတင်)ကျောင်းတွင် သင်ကြားပို့ချပေးလျက် ရှိသည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ် - ၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မျိုးစေ့ထုတ်တောင်သူလယ်သမားများအား ဒုတိယအကြိမ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်း များ တပ်ဆင်ကြရေး အသိပညာပေးလှုပ်ရှားမှုများစဉ်ဆက်မပြတ်ဆောင်ရွက်

ပြည်တွင်းကူးစက်မှုများမြှင့်တက်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ကော့သောင်းမြို့တွင်ကူးစက် ပြန့်ပွားမှုမရှိစေရန် ယနေ့ နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောထိန်းချုပ်ရေးနှင့် ရေးပေါ် တုံ့ပြန်ရေးကော်မတီက ဌာနဆိုင်ရာများ၊ NGOအဖွဲ့ အစည်းများ ပူးပေါင်းကာ လမ်းထွက်သွားလာ နေကြသူများအား ပါးစပ်နှာခေါင်းစည်း များ တပ်ဆင်ကြရေး အသိပညာပေး လှုပ်ရှားမှုများ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ဆေးရုံ၀န်းအတွင်းတွင်(၄)ခန်းတွဲ ၀န်ထမ်းအိမ်ယာ ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊   ပြည်ခရိုင်၊  သဲကုန်းမြို့နယ်၊   ဆင်မြီးဆွဲမြို့၊ ဆေးရုံ၀န်းအတွင်းတွင်   တိုင်းဒေသကြီး ရန်ပုံငွေဖြင့်   ဆောက်လုပ် နေသည့် (၄)ခန်းတွဲ ၀န်ထမ်းအိမ်ယာ  တည်ဆောက်ပြီးစီးမှု အခြေ အနေအား 

လှိုင်းဘွဲမြို့မဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့မဈေးအတွင်း ဈေး‌ရောင်း၊ ဈေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်မှုများ ဆက်လက်ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်များအလိုက် တာဝန်ရှိသူ များက လိုက်လံထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ န့နက်ပိုင်းအချိန်က လွတ်လပ်ရေးရပ်ကွက် အတွင်းရှိ ဘိုးဘွားများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်လမ်းထိပ်အဝင်ဝများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မတပ်ဆင်သူများအား စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ပြန့်ပွားမှု များပြားလာမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်လမ်းထိပ်အဝင်ဝများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် Mask မတပ်ဆင်သူများအား စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းကို နေ့စဉ် နေ့တိုင်း ရန်ကင်းမြို့နယ်ရပ်ကွက်များ အတွင်းရှိ လမ်းများတွင် ဆောင်ရွက်လျက်ရှိသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များနှင့် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ၊ Dettol ပိုးသတ်ဆေး၊ Mask များ လာရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များနှင့် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် Unlimited Channel Co.Ltd(UC) မိသားစုမှ PPE ဝတ်စုံ (၁၀)စုံ၊ Dettol (၅၀)ဗူးတို့ကို ယမန်နေ့နေ့လယ်(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသို့ လာရောက် လှူဒါန်းခဲ့သည်။ အလားတူ (AIMI TV) မိသားစုမှလည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် Mask (၁၅၀၀)ခုအား လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့ မဟာမြတ်မုနိဘုရားကြီးလမ်းကို ဈေးရပ်ကွက်ပြည်သူများပူးပေါင်း၍ ကွန်ကရစ်လမ်းခင်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ဈေးရပ်ကွက် ပြည်သူများ ပူးပေါင်း၍ မဟာမြတ်မုနိဘုရားကြီးလမ်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့် က စတင်၍ ကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to