ကော့သောင်းမြို့တွင် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်း များ တပ်ဆင်ကြရေး အသိပညာပေးလှုပ်ရှားမှုများစဉ်ဆက်မပြတ်ဆောင်ရွက်

ကော့သောင်း စက်တင်ဘာ ၁၅

ပြည်တွင်းကူးစက်မှုများမြှင့်တက်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ကော့သောင်းမြို့တွင်ကူးစက် ပြန့်ပွားမှုမရှိစေရန် ယနေ့ နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောထိန်းချုပ်ရေးနှင့် ရေးပေါ် တုံ့ပြန်ရေးကော်မတီက ဌာနဆိုင်ရာများ၊ NGOအဖွဲ့ အစည်းများ ပူးပေါင်းကာ လမ်းထွက်သွားလာ နေကြသူများအား ပါးစပ်နှာခေါင်းစည်း များ တပ်ဆင်ကြရေး အသိပညာပေး လှုပ်ရှားမှုများ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှား ဆောင်ရွက် လျက်ရှိရာ မြို့နေပြည်သူများ မဖြစ်မနေလမ်းထွက်ပါက နှာခေါင်းစည်းများ တပ်ဆင် ကြရေး အသိပညာ ပေးခြင်းအပြင် ပါးစပ်နှာခေါင်းစည်း မတပ်ဆင်သူများကို နှာခေါင်းစည်းများ ဝေငှတပ်ဆင်ပေးခြင်း၊ လက်များကိုမကြာခဏဆေးကြောကြရန်၊ ကျန်းမာရေး အသိ သတိရှိကြရန် ၊ ရောဂါထိန်းချုပ်မှုလုပ်ငန်းများတွင် ပြည်သူများဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံ အသိပေးခြင်း လုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ ဆောင်ရွက်ကြ ခြင်းဖြစ်သည်။

ယနေ့ ရောဂါထိန်းချုပ်ရေး လှုပ်ရှားမှုအဖြစ် လမ်းထွက်သွားလာနေကြသည့် မြို့နေပြည်သူများကို ပါးစပ်နှာခေါင်းစည်း (၁၂၀၀)ကျော်ခန့်အား ဝေငှတပ်ဆင်ပေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)