ကမာရွတ် စက်တင်ဘာ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များနှင့် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် Unlimited Channel Co.Ltd(UC) မိသားစုမှ PPE ဝတ်စုံ (၁၀)စုံ၊ Dettol (၅၀)ဗူးတို့ကို ယမန်နေ့နေ့လယ်(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသို့ လာရောက် လှူဒါန်းခဲ့သည်။ အလားတူ (AIMI TV) မိသားစုမှလည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် Mask (၁၅၀၀)ခုအား လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လာရောက်လှူဒါန်းမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)