လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

လှိုင်းဘွဲ၊ စက်တင်ဘာ ၁၅

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ် - ၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း အကောင်အထည်ဖော်ဆောင် ရွက်ရန်အတွက် မျိုးစေ့ထုတ်တောင်သူလယ်သမားများအား ဒုတိယအကြိမ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးစပါးမျိုးစေ့ထုတ်တောင်သူများအား တစ်ဧကလျှင် (၆၅၀၀၀) ကျပ်နှုန်းဖြင့် ဆင်းသုခ စိုက်ပျိုးတောင်သူ(၁၉၂)ဦး၊ ပေါ်ဆန်းစိုက်တောင်သူ (၂၂) ဦးနှင့် မိုးစပါးစိုက်ဧက (၂၁၄) ဧကအတွက် မျိုးစေ့ထုတ်တောင်သူ (၈၅) ဦးတို့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်ဝင်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၂၄၆၄၃) ဧကရှိပြီး မျိုးသန့်မျိုးစေ့စိုက်ပျိုးမည့် သမ္ဘာန်၊ ထီလုံ၊ ဒိုင်းပြ၊ သာယာကုန်း၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကမော့ကချူး၊ ဝင်းစိန်၊ နောင်သငဲ့ စသည့် ကျေးရွာ (၂၀) တွင် မျိုးကောင်းမျိုးသန့် (၂၁၄) ဧကကို စိုက်ပျိုးထားရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)