မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်မှုများ ဆက်လက်ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၁၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်များအလိုက် တာဝန်ရှိသူ များက လိုက်လံထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ န့နက်ပိုင်းအချိန်က လွတ်လပ်ရေးရပ်ကွက် အတွင်းရှိ ဘိုးဘွားများထံ ပေးအပ်ခဲ့ကြောင်း  သိရသည်။

ထိုသို့ပေးအပ်ရာတွင် လွတ်လပ်ရေး ရပ်ကွက်အတွင်းရှိ ဘိုးဘွား (၁၅) ဦးအတွက် ထောက်ပံ့ငွေ (၄၅၀၀၀၀) ကျပ်အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရပ်ကွက်အတွင်း၌ အသက် (၈၅) နှစ် ပြည့်မည့် ဘိုးဘွားများစာရင်းကိုလည်း မကျန်ရှိစေရေးအတွက် လစဉ်စိစစ်​ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရပ်ကွက်(၂၀)ရှိရာ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား (၅၄၅) ဦးအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလ များအတွက် လူမှုရေးပင်စင် တစ်ဦးလျှင် (၃၀၀၀ဝိ/-) ကျပ်နှုန်းဖြင့်  စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၆၃၅၀၀၀ဝိ/-) ကျပ်ကို ထောက်ပံ့ ပေးခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့မှုများတွင် ဘိုးဘွားများကျန်ရှိမှုများ မရှိစေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက ရပ်ကွက်များအလိုက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)