သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ဆေးရုံ၀န်းအတွင်းတွင်(၄)ခန်းတွဲ ၀န်ထမ်းအိမ်ယာ ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

သဲကုန်း    စက်တင်ဘာ    ၁၅

ပဲခူးတိုင်းဒေသကြီး၊   ပြည်ခရိုင်၊  သဲကုန်းမြို့နယ်၊   ဆင်မြီးဆွဲမြို့၊ ဆေးရုံ၀န်းအတွင်းတွင်   တိုင်းဒေသကြီး ရန်ပုံငွေဖြင့်   ဆောက်လုပ် နေသည့် (၄)ခန်းတွဲ ၀န်ထမ်းအိမ်ယာ  တည်ဆောက်ပြီးစီးမှု အခြေအနေအား     ယမန်နေ့     နံနက်ပိုင်းက     မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၀င်း၊   စည်ပင်သာယာရေးအဖွဲ့  AE  ဒေါ်ခင်အေးလွင်၊ မြို့နယ်လမ်းဦးစီးဌာန  SAE  ဦးသိန်းဇော်နှင့်    တာ၀န်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင်   အဆောက်အဦအား အရည်အသွေးစစ်ဆေး ခြင်းနှင့်ပြီးစီးမှုအခြေအနေများကို စစ်ဆေး ခဲ့ရာ (၅၀%)ပြီးစီးနေပြီဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် သတ်မှတ်ကာလအတွင်းအချိန်မှီ ပြီးစီးရေး တာ၀န်ရှိသူ များအား မှာကြားခဲ့သည်။ 

အဆိုပါ(၄)ခန်းတွဲ၀န်ထမ်းအိမ်ယာ( ၈၈ ပေ× ၂၄ ပေ× ၁၂ ပေ)  RC  တစ်ထပ် အဆောက်အဦအား Royal Dam ကုမ္ပဏီမှ   တာ၀န်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)