လှိုင်းဘွဲ၊ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုခြင်း၊ ဈေးဝယ်သူများအား ဈေးအဝင်/အထွက်များတွင် ထားရှိသည့် လက်ဆေးဘေစင်များတွင် လက်များအား သန့်စင်စေခြင်း၊ ဈေးအတွင်းသို့ နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ ဈေးဝယ်ယူ စေခြင်းများကို ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိများကို မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)