မိုင်းငေါ့ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ဈေးရပ်ကွက် ပြည်သူများ ပူးပေါင်း၍ မဟာမြတ်မုနိဘုရားကြီးလမ်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့် က စတင်၍ ကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဈေးရပ်ကွက်နှင့် မန်လုံရပ်ကွက်အဆက်ရှိ မဟာမြတ်မုနိဘုရားကြီးလမ်းကို မိုင်းငေါ့မြို့ ဈေးရပ်ကွက်နေ ပြည်သူများပူးပေါင်း၍ ကွန်ကရစ်လမ်း ခင်းခြင်းဖြစ်ပြီး လမ်းအရှည်(၃၇၅)ပေ၊ လမ်းအကျယ် (၁၂) ပေ၊ စုစုပေါင်း ကုန်ကျငွေ တန်ဖိုး ( ၃၀၅၀၀၀၀/- ) ရှိကြောင်းသိရပြီး မိုင်းငေါ့မြို့ ဌာနဆိုင်ရာများမှ ဘိလပ်မြေအိတ်(၁၁၀)အိတ်နှင့် မန်လုံရပ်ကွက်နေ ပြည်သူများမှ သဲ (၁၀) ကျင်းကိုလည်း ထည့်ဝင်လှုဒါန်းပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)